ပုဒ်မ ၂၃
ပုဒ်မ ၂၃
မည်သည့်တရားရုံးသို့ လျှောက်ထားရခြင်း

(၁) စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးများသည် အယူခံတရားရုံးတစ်ရုံးတည်း၏ လက်အောက်ခံဖြစ်လျှင် ပုဒ်မ-၂၂အရ လျှောက်လွှာကို ယင်းအယူခံတရားရုံးတွင် တင်သွင်း ရမည်။

(၂)  ယင်းတရားရုံးများသည် ကွဲပြားသော အယူခံတရားရုံးများ၏ လက်အောက်ခံ ဖြစ်လျှင် ယင်းလျှောက်လွှာကို တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ တင်သွင်းရမည်။ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် တရားလွှတ်တော်ကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဖြင့် အစားထိုးပြင်ဆင်ထားသည်။)