(၁) အဆိုပါ အကြီးအကဲတစ်ဦးဦးကိုလည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်မှ သံအမတ်ကြီး သို့မဟုတ် သံတမန်တစ်ဦးဦးကိုလည်းကောင်း၊ ပြည်ထောင်စုအစိုရအဖွဲ့ အတွင်းရေးမှူးက မှန်ကန်ကြောင်း တာဝန်ခံလက်မှတ်ရေးထိုးထားသည့် နိုင်ငံတော်သမ္မတ၏ သဘောတူ ခွင့်ပြုချက် (with the consent of the President) ဖြင့် စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးတစ်ရုံးရုံးတွင် တရားစွဲဆို နိုင်သည်။ သို့သော် အဆိုပါ သဘောတူ ခွင့်ပြုချက် မရှိလျှင် တရားမစွဲရ။
(၂) ယင်းသို့သော သဘောတူ ခွင့်ပြုချက်ကို သီးခြားဖော်ပြသည့်အမှု သို့မဟုတ် အမှုများ နှင့်စပ်လျဉ်း၍ဖြစ်စေ၊ သီးခြားဖေါ်ပြသည့် အမှုအမျိုးအစားတစ်ရပ်ရပ် သို့မဟုတ် အမှုအမျိုး အစားများနှင့် စပ်လျဉ်း၍ဖြစ်စေ ထုတ်ပေးနိုင်သည်။ ထို့ပြင် အမှုတစ်မှုမှ သို့မဟုတ် အမှုအမျိုးအစားတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ကိစ္စ၌ ထိုအကြီးအကဲ သို့မဟုတ် သံအမတ်ကြီး သို့မဟုတ် သံတမန်အား မည်သည့် တရားရုံး၌ တရားစွဲဆိုနိုင်သည်ကို ယင်းသဘောတူ ခွင့်ပြုချက်တွင် သီးခြားဖော်ပြနိုင်သည်။ သို့သော် ယင်းအကြီးအကဲ သံအမတ်ကြီး သို့မဟုတ် သံတမန်သည် –
(က) မိမိအား တရားစွဲဆိုလိုသူအပေါ် ထိုတရားရုံး၌ အမှုစွဲဆိုထားကြောင်း သို့မဟုတ်
( ခ ) မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားသူမှတဆင့်ဖြစ်စေ တရားရုံး၏ စီရင်ပိုင်ခွင့် ဒေသအတွင်း ကုန်သွယ်မှုပြုနေကြောင်း သို့မဟုတ်
( ဂ ) ထိုစီရင်ပိုင်ခွင့်ဒေသအတွင်း တည်ရှိသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို လက်ရှိ ဖြစ်သည့်အပြင် ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ယင်းပစ္စည်းအပေါ် တာဝန် တင်ကြွေးအဖြစ် ရရန်ရှိသောငွေနှင့် စပ်လျဉ်း၍ဖြစ်စေ၊ တရားစွဲဆိုခံရရန်ရှိကြောင်း၊ နိုင်ငံတော်သမ္မတက ထင်မြင်ယူဆသည် မဟုတ်လျှင် ထိုသဘောတူ ခွင့်ပြုချက်ကို မပေးရ။
(၃) အဆိုပါအကြီးအကဲ သို့မဟုတ် သံအမတ်ကြီး သို့မဟုတ် သံတမန်ကို ဤဥပဒေအရ မဖမ်းဆီးရ။ ထို့ပြင် အထက်တွင်ဆိုခဲ့သည့်အတိုင်း မှန်ကန်ကြောင်း တာဝန်ခံလက်မှတ် ရေးထိုးထားသော နိုင်ငံတော်သမ္မတ၏ သဘောတူခွင့်ပြုချက်အရမှ တစ်ပါး အဆိုပါအကြီးအကဲ သို့မဟုတ် သံအမတ်ကြီး သို့မဟုတ် သံတမန်၏ ပစ္စည်းအပေါ် မည်သည့် ဒီကရီကိုမျှ အတည်မပြုရ။
(၄) XXXXXXXXXXXX XXXXXXXXXXX XXXXXXXXXXX
(၅) ထိုအကြီးအကဲ၊ သံအမတ်ကြီး သို့မဟုတ် သံတမန်ထံမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လက်ရှိရထားသူ သို့မဟုတ် လက်ရှိရထားကြောင်း အဆိုပြုသူသည် ထိုပစ္စည်း၏ အိမ်ငှား မြေငှားအဖြစ်ဖြင့် ထိုအကြီးအကဲ၊ သံအမတ်ကြီး သို့မဟုတ် သံတမန်အပေါ် ဤပုဒ်မပါ သဘောတူခွင့်ပြုချက် မရရှိဘဲ တရားစွဲဆိုနိုင်သည်။