ထိုက်သင့်သလို ကြိုးစားသော်လည်း ပုဒ်မ ၆၉ နှင့် ၇ဝ တွင် ဖော်ပြထားသည့် နည်းလမ်းများ အတိုင်း မချအပ်နိုင်သည့်အခါ ချအပ်သည့်အရာရှိက သမ္မန်စာတစ်စောင်ကို ဆင့်ခေါ်ခံရသူ နေထိုင်မြဲဖြစ်သည့် အိမ်၊ သို့မဟုတ် အဆောက်အအုံ၏ မြင်သာသောနေရာတွင် ကပ်ထားခဲ့ရမည်။ ယင်းသို့ ကပ်ထားခဲ့ခြင်းဖြင့် နည်းလမ်းတကျ ချအပ်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။