ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရသော်လည်းကောင်း၊ သဘောတူညီချက် များအရ သော်လည်းကောင်း ပေါ်ထွက်လာသော တရားမျှတသည့်တာဝန်များကို အဆိုပါအခြား နိုင်ငံကလည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သောပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားသည်။