(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စက်ရှင်တိုင်းများ ပါရှိစေရမည်။ ဤဥပဒေပါ ကိစ္စများအလိုငှာ စက်ရှင်တိုင်း ဆိုသည်မှာ ခရိုင်တစ်ခုခု သိုမဟုတ် ခရိုင်များဖြစ်ရမည်။
စက်ရှင် တိုင်းများနှင့် ခရိုင်များကို ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်ခွင့် အာဏာ
(၂)နိုင်ငံတော်သမ္မတသည် ဖော်ပြပါ စက်ရှင်တိုင်းများနှင့် ခရိုင်များ၏ နယ်နိမိတ် အပိုင်း အခြား သိုမဟုတ် အရေအတွက်ကို ပြောင်းလဲနိုင်သည်။
တည်ရှိရင်း စက်ရှင် တိုင်းများနှင့် ခရိုင်များကို ပြောင်းလဲပြင်ဆင်ခြင်းမပြုမီ ဆက်လက် တည်စေခြင်း
(၃) ဆိုခဲ့သည့်အတိုင်း ပြောင်းလဲပြင်ဆင်ခြင်းမပြုမီ ဤဥပဒေ အတည်ဖြစ်သည့် အချိန်က တည်ရှိရင်း စက်ရှင် တိုင်းများနှင့် ခရိုင်များမှာ စက်ရှင် တိုင်းများနှင့် ခရိုင်များအဖြစ် ဆက်လက် တည်စေရမည်။