“တရားဝင်ကိုယ်စားလှယ်” (Legal Representative): ဥပဒေအရ ကွယ်လွန်သူ၏ အမွေပစ္စည်းကို ကိုယ်စားပြုသူကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ကွယ်လွန်သူ၏ အမွေပစ္စည်းများကို ဝင်ရောက်စွက်ဖက် စီမံခန့်ခွဲသူ ပါဝင်သည့်အပြင် အမှုသည်တစ်ဦးက ကိုယ်စားပြုအဆင့်ဖြင့် တရားစွဲဆိုသောအခါ သို့မဟုတ် စွဲဆိုခြင်းခံရသောအခါ ယင်းသို့ စွဲဆိုသူ သို့မဟုတ် စွဲဆိုခြင်းခံရသူ ကွယ်လွန်သွားပါက အဆိုပါ အမွေပစ္စည်း ဆက်ခံရရှိသူလည်း ပါဝင်သည်