မည်သည့်တရားရုံး၊ သို့မဟုတ် အရာရှိကမဆို ခံငန်ချုပ်တစ်ခု ချုပ်ဆိုရန် ဆင့်ဆိုခြင်းခံရသူမှာ အရွယ်မရောက်သေးသူတစ်ဦးဖြစ်နေသောအခါ အဆိုပါတရားရုံး၊ သို့မဟုတ် အရာရှိသည် ထိုခံဝန်ချုပ်အစား အာမခံသူတစ်ဦး၊ သို့မဟုတ် အာမခံသူအများကသာ ချုပ်ဆိုသော ခံဝန်ချုပ်တစ်ခုကို လက်ခံနိုင်သည်။