ပုဒ်မ ၃၉
ပုဒ်မ ၃၉
ရွေးကောက်ပွဲကျင်းပခြင်း

သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မဲဆန္ဒနယ်အသီးသီးရှိ မဲရုံများကို ကြီးကြပ်ကွပ်ကဲရန် သတ်မှတ်ထားသည့်အတိုင်း မဲရုံအဖွဲ့များကို ဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် -

(က) နိုင်ငံ့ဝန်ထမ်းများထဲမှ သင့်လျော်သူများကို မဲရုံမှူးများအဖြစ် ခန့်အပ်ရမည်။

(ခ) မဲရုံအဖွဲ့များကို ဖြစ်နိုင်သရွေ့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံအများပြည်သူတို့၏ ယုံကြည်လေးစား ခြင်းခံရပြီး မဲစာရင်းတစ်ခုခုတွင် ပါရှိသော နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ များဖြင့် သတ်မှတ်ထားသည့်အတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

(ဂ) မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဤဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ပေးရမည်။