ပုဒ်မ ၅၃၃
ပုဒ်မ ၅၃၃
ပုဒ်မ ၁၆၄၊ သို့မဟုတ် ၃၆၄ ပါ ပြဌာန်းချက်များကို မလိုက်နာခြင်း

(၁) ပုဒ်မ ၁၆၄ အရ ဖြစ်စေ၊ ပုဒ်မ ၃၆၄ အရဖြစ်စေ ရေးမှတ်ထားသည့်၊ သို့မဟုတ် ရေးမှတ်ထားသည်ဆိုသော တရားခံတစ်ဦး၏ ဖြောင့်ချက်တစ်ရပ်၊ သို့မဟုတ် အခြားထွက်ချက်ကို တရားရုံးတစ်ရုံးတွင် တင်သွင်းသည့်အခါ၊ သို့မဟုတ် သက်သေခံအဖြစ် လက်ခံပြီးသည့်အခါ ၎င်းထွက်ချက်များကို ရေးမှတ်ခဲ့သည့် ရာဇဝတ်တရားသူကြီးက ဆိုခဲ့သည့်ပုဒ်မများအနက် ပုဒ်မတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက် တစ်စုံတစ်ရာကို မလိုက်နာခဲ့ကြောင်း ၎င်းတရားရုံးက တွေ့ရှိရလျှင် တရားခံသည် ဆိုခဲ့သည့် ရေးမှတ်ထားချက်များအတိုင်း ထွက်ဆိုခဲ့ခြင်းရှိ မရှိ သက် သေခံချက်များ ရယူရမည်။ ထို့ပြင် သက်သေခံအက်ဥပဒေပုဒ်မ ၉၁ ၌ မည်သို့ပင် ပါရှိစေကာမူ မှားယွင်းသည့်အချက်သည် အမှုတွင် တရားခံက ထိုက်သင့်သလို ခုခံချေပရာ၌ ၎င်းအား နစ်နာစေမှ မရှိပါက အဆိုပါထွက်ဆိုချက်ကို သက်သေခံအဖြစ် လက်ခံရမည်။

(၂) ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် အယူခံတရားရုံး၊ စောဒကရုံးနှင့် ပြင်ဆင်မှ တရားရုံးတို့နှင့် သက်ဆိုင်သည်။