(၁) တရားသူကြီးသည် ၎င်းအစုအဝေးကို စစ်အင်အားဖြင့် လူစုခွဲရန် ဆုံးဖြတ်သည့်အခါ ၎င်းအစုအဝေးကို ကြည်းတပ် သို့မဟုတ် မြန်မာနိုင်ငံနယ်ခြားတပ် အက်ဥပဒေ သို့မဟုတ် မြန်မာနိုင်ငံအရန်တပ် အက်ဥပဒေအရ ဖွဲ့စည်းထားသည့် တပ်တွင် ပါဝင်သော တပ်သား တို့ကို ကြီးကြပ်အုပ်ချုပ်ရသည့် မည်သည့် ပြန်တမ်းဝင် တပ်မတော် အရာရှိ သို့မဟုတ် အကြပ်ကိုမဆို ၎င်းအစုအဝေးကို လူစုခွဲရန် အမိန့်ပေး နိုင်သည်။ ထို့ပြင် ၎င်းအစုအဝေး တွင် ပါဝင်သူတို့အနက် တရားသူကြီးက ညွှန်ကြားသူကိုဖြစ်စေ၊ အစုအဝေးပျက်ပြား စေရန် သို့မဟုတ် တရားဥပဒေ နှင့်အညီ ပြစ်ဒဏ်စီရင်ရန်အလို့ငှာ ဖမ်းဆီးချုပ်နှောင် ထားသင့်သူတို့ကိုဖြစ်စေ ဖမ်းဆီး ချုပ်နှောင်ထားရန် အမိန့်ပေးနိုင်သည်။
(၂) ထိုတပ်မတော်အရာရှိတို့သည် ဆိုခဲ့သည့်အမိန့်ကို သင့်သည် ထင်မြင်သည့် နည်းအတိုင်း လိုက်နာဆောင်ရွက်ကြရမည်။ သို့သော်လည်း လိုက်နာဆောင်ရွက်ရာတွင် အစုအဝေးကို လူစုခွဲရာတွင် ဖြစ်စေ၊ ထိုသူတို့ကို ဖမ်းဆီးချုပ်နှောင်ထားရာတွင်ဖြစ်စေ၊ အင်အား အနည်းငယ် သာသုံးပြီး လူများ၊ ပစ္စည်းများကိုလည်း အနည်းငယ်မျှသာ ထိခိုက်ပျက်စီး စေရမည်။