ပုဒ်မ ၃၆၃
ပုဒ်မ ၃၆၃
သက်သေ၏ အမူအရာနှင့် စပ်လျဉ်းသော မှတ်ချက်များ

ခရိုင်တရားသူကြီး တစ်ဦး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီး တစ်ဦးသည် သက်သေတစ်ဦး၏ သက်သေခံချက်ကို ရေးမှတ်ပြီးသောအခါ စစ်မေးစဉ်က အဆိုပါသက်သေ၏ အမူအရာနှင့်စပ်လျဉ်း၍ အရေးပါသည်ဟု မိမိထင်မြင်သည့်မှတ်ချက်များ (ရှိခဲ့လျှင်) လည်း ရေးမှတ်ရမည်။