ထောင်ဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ကို ကျခံနေဆဲ ဖြစ်သူ တစ်ဦးအပေါ် ထောင်ဒဏ်ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ အကယ်၍ ထိုတရားရုံးက နောက်ထပ်ချမှတ်သည့် ပြစ်ဒဏ်ကို ဆိုခဲ့သည့် ယခင်ပြစ်ဒဏ်နှင့် တစ်ပြိုင်တည်းကျခံစေရမည်ဟု ဆင့်ဆိုထားခြင်းမရှိလျှင် အဆိုပါ နောက်ထပ်စီရင်သည့် ထောင်ဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်သည် ထိုသူ ယခင်စီရင်ခြင်း ခံထားရပြီးဖြစ်သော ထောင်ဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ကို ဆုံးခန်းတိုင်အောင် ကျခံပြီးနောက်မှ အစပြုရမည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)
ရှင်းလင်းချက် — လူတစ်ဦးတစ်ယောက်အား ပုဒ်မ ၁၂၃ အရ အကျဉ်းချထားသည့် အမိန့်တစ်ရပ်မှာ ထောင်ဒဏ်စီရင်ချက် မဟုတ်ချေ။