(၁) အမှုတစ်မှုတည်းဖြစ်အောင် ဆက်စပ်နေသည့် တစ်ဆက်တည်းဖြစ်ပြီး တစ်ခုတည်းသောပြုလုပ်ဆောင်ရွက်မှုမှ ပေါ်ပေါက်လာသော ပြုလုပ်မှုများ၌ လူတစ်ယောက် တည်းက တစ်မှုထက်များသောပြစ်မှုများကို ကျုးလွန်လျှင် ယင်းသို့ကျူးလွန်သော ပြစ်မှုများကို ယင်းလူအား စစ်ဆေးစီရင်သည့် အမှဘစ်မှုဘည်းတွင် အဆိုပါပြစ်မှုတိုင်းအတွက် စွဲချက်တင်၍ စစ်ဆေးစီရင်နိုင်သည်။
အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် နှစ်ရပ်တွင် ပါဝင်သည့်ပြစ်မှု။
(၂) စွပ်စွဲထားသည့်ပြုလုပ်မှုများသည် ပြစ်မှုများကို အနက်အဓိပ္ပါယ် ဖော်ပြဖွင့်ဆိုသော၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ရန် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေတစ်ရပ်ရပ်၏ သီးခြား အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် နှစ်ရပ်အတွင်း၊ သို့မဟုတ် နှစ်ရပ်ထက်ပိုသည့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်အတွင်း ကျရောက်သော ပြစ်မှုဖြစ်နေလျှင် ယင်းပြစ်မှုများအတွက် စွပ်စွဲခြင်းခံရသူကို စစ်ဆေးစီရင်သည့် အမှုတစ်မှုတည်းတွင် ၎င်းပြစ်မှုအသီးသီးအတွက် စွဲချက်တင်၍ စစ်ဆေးစီရင် နိုင်သည်။
ပြစ်မှုတစ်မျိုးတည်းသာ မြောက်သော်လည်း ပေါင်းစပ်လိုက်သည့်အခါ အခြားပြစ်မှုတစ်မျိုး မြောက်သည့် ပြုလုပ်ချက်များ။
(၃) ပြုလုပ်မှုများအနက် ပြုလုပ်မှုတစ်ရပ်ကသော်လည်းကောင်း၊ ဘစ်ရပ်ထက် ပိုသော ပြုလုပ်မှုများကသော်လည်းကောင်း ယင်းပြုလုပ်မှုအနေဖြင့်၊ သို့မဟုတ် ယင်းပြုလုပ်မှုများ အနေဖြင့် ပြစ်မှုတစ်ရပ်မြောက်၍ ယင်းပြုလုပ်မှုများကို ပေါင်းစပ်လိုက်သည့်အခါတွင်လည်း ကွဲပြား ခြားနားသည့် အခြားပြစ်မှုတစ်ရပ်မြောက်နေလျှင် ယင်းပြုလုပ်မှုများကြောင့် တရားခံကို စစ်ဆေး စီရင်သည့် အမှုတစ်မှုတည်းတွင် အဆိုပါပြုလုပ်မှုများကို ပေါင်းစပ်၍ ပြစ်မှုမြောက်သည့် ပြစ်မှုအတွက် စွဲချက်တင်ကာ စစ်ဆေးစီရင်နိုင်သည့်အပြင် အဆိုပါပြစ်မှုတစ်ရပ်၊ သို့မဟုတ် တစ်ခု ထက်ပိုသာ ပြုလုပ်မှုများကြောင့် ပြစ်မှုမြောက်သည့် မည်သည့်ပြစ်မှုအတွက်မဆို စွဲချက်တင်၍ စစ်ဆေး စီရင်နိုင်သည်။
(၄) ဤပုဒ်မပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၇၁ ကို မထိခိုက်စေရ။
ဥပမာများ
ပုဒ်မခွဲ(၁) နှင့်ဆိုင်ရာဥပမာများ-
(က) A သည် ဥပဒေနှင့်အညီ အချုပ်တွင် ချုပ်နှောင်ခံရသူ B ကို ကယ်ဆယ်ခဲ့သည်။ ထို့ပြင် ထိုသို့ကယ်ဆယ်ရာတွင် B အား ချုပ် ထားသူ ရဲတပ်သား C ကို အပြင်းအထန် နာကျင်အောင် ပြုလုပ် ခဲ့ရာ၊ A ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၅ နှင့် ပုဒ်မ ၃၃၃ တို့အရ ပြစ်မှုများဖြင့် စွဲချက်တင်၍ ပြစ်မှုထင်ရှားစီရင်နိုင်သည်။
(ခ) A သည် မယားခိုးမှုကျူးလွန်ရန်အကြံဖြင့်နေ့အခါတွင် အိမ်ဖောက်ထွင်းမှု ကျုးလွန်ပြီးနောက်၊ ဖောက်ထွင်းဝင်ရောက်ခဲ့သည့် အိမ်အတွင်း၌ B ၏ မယားနှင့် မယားခိုးမှုကျုးခဲ့လွန်ရာတွင် A ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၄ နှင့် ပုဒ်မ ၄၉၇ တို့အရ ပြစ်မှုများအတွက် သီးခြားစီ စွဲချက်တင်၍ သီးခြားစီ ပြစ်မှုထင်ရှား စီရင်နိုင်သည်။
(ဂ) A သည် C ၏မယား B နှင့် မယားခိုးမှုကျူးလွန်ရန် အကြံဖြင့် B ကို C ထံမှ သွေးဆောင် ခေါ်ယူခဲ့ပြီးနောက် B နှင့် မယား ခိုးမှု ကျုးလွန်ရာတွင် A ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉ဂ နှင့် ပုဒ်မ၄၉၇တို့အရ ပြစ်မှုများအတွက် သီးခြားစီစွဲချက်တင်၍ သီးခြားစီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။
(ဃ) A သည် လိမ်လည်၍ အတုပြုလုပ်ထားသော တံဆိပ်ဖြစ်ကြောင်း သိလျက်နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၆၆ အရ ပြစ်ဒဏ်ထိုက်သည့် တံဆိပ် လိမ်လည် အတုပြုလုပ်မှုများကို သုံးစွဲရန်အကြံဖြင့် ၎င်းတံဆိပ်တုများကို လက်ဝယ် ထားရှိရာတွင် A ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၇၃ အရ တံဆိပ်တုတစ်ခုစီ လက်ဝယ် ထားရှိမှုအတွက် သီးခြားစီ စွဲချက်တင်၍ သီးခြားစီ ပြစ်မှုထင်ရှား စီရင်နိုင်သည်။
(င) A သည် B ကို ပြစ်မှုကြောင်းအရ စွဲဆိုရန်အတွက် တရားဖြောင့် မှန်သော၊ သို့မဟုတ် ဥပဒေနှင့်လျော်ညီသော အကြောင်းမရှိမှန်း သိလျက်နှင့် Bကို နစ်နာစေရန်အကြံဖြင့် ၎င်းအပေါ် ပြစ်မှ ကြောင်းအရ စွဲဆိုခဲ့သည်။ ထို့ပြင် B ကို ပြစ်မှုတစ်ရပ်ကျုးလွန် ခဲ့သည်ဟု စွပ်စွဲရန်အတွက် တရားဖြောင့်မှန်သော၊ သို့မဟုတ် ဥပဒေ နှင့် လျော်ညီသော အကြောင်းမရှိမှန်းသိလျက်နှင့် B သည် ဆိုခဲ့သည့် ပြစ်မှုတစ်ရပ်ကို ကျုးလွန်ခဲ့သည်ဟုလည်း မမှန်မကန် စွပ်စွဲခဲ့ ရာတွင် A ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁ အရ ပြစ်မှုနှစ်ရပ်ဖြင့် သီးခြားစီ စွဲချက်တင်ပြီး သီးခြားစီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။
(စ) A သည် B ပြစ်မှုကျုးလွန်ကြောင်း စွပ်စွဲရန် တရားမျှတသော၊ သို့မဟုတ် ဥပဒေနှင့် လျော်ညီသောအကြောင်း မရှိမှန်းသိလျက်နှင့် B နှစ်နာစေရန်အကြံဖြင့် B ကို ပြစ်မှုတစ်ရပ်ကျုးလွန်ခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲပြီး အမှုစစ်ဆေးသည့်အခါ A သည် B အပေါ် သေဒဏ်ထိုက်သည့် ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှား စီရင်စေရန်အကြံဖြင့် B အပေါ် မုသားသက်သေခံခဲ့လျှင်၊ ၎င်း A ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁ နှင့် ပုဒ်မ ၁၉၄ တို့အရ ပြစ်မှုများဖြင့် သီးခြားစီ စွဲချက်များတင်ပြီး သီးခြားစီ ပြစ်မှုထင်ရှား စီရင်နိုင်သည်။
(ဆ) A သည် အပေါင်းပါ အခြားလူ ခြောက်ယောက်တို့နှင့် အတူ ရုန်းရင်းဆန်ခတ်ပြုလုပ်မှု၊ အပြင်းအထန် နာကျင်စေမှုနှင့် ရုန်းရင်း ဆန်ခတ်ပြုလုပ်မှုကို နှိမ်နင်းရန်တာဝန်ဝတ္တရားအရ အားထုတ်သော ပြည်သူ့ဝန်ထမ်းတစ်ဦးအား လက်ရောက်မှုကျးလွန်ရာတွင်၊ ၎င်း A ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၇၊ ပုဒ်မ ၃၂၅ နှင့် ပုဒ်မ ၁၅၂တို့ အရ ပြစ်မှုများဖြင့် သီးခြားစီ စွဲချက်များတင်ပြီး သီးခြားစီ ပြစ်မှ ထင်ရှား စီရင်နိုင်သည်။
(ဇ) A သည် B၊ C နှင့် D တို့ကို ကြောက်ရွံ့ ထိတ်လန့်စေရန်အကြံဖြင့် ၎င်းတို့၏ ကိုယ်ကို နာကျင်အောင်ပြုလုပ်မည်ဟု တစ်ပြိုင်နက်တည်း ပြစ်မှုမကင်းသော ခြောက်လှန့်မှုပြခဲ့ရာတွင် A ကို ပြစ်မှ ဆိုင်ရာဥပဒေပုဒ်မ ၅၀၆ အရ ပြစ်မှုသုံးခုအနက် ပြစ်မှုတစ်ခုစီဖြင့် သီးခြားစီ စွဲချက်တင်ပြီး သီးခြားစီ ပြစ်မှုထင်ရှား စီရင်နိုင်သည်။
ဥပမာ (က)မှ(ဇ) တို့တွင် အသီးသီး ရည်ညွှန်းထားသည့် သီးခြားစွဲချက်များကို တစ်ကြိမ် တစ်ခါတည်း စစ်ဆေး စီရင်နိုင်သည်။
ပုဒ်မခွဲ (၂ ) နှင့်ဆိုင်ရာ ဥပမာများ-
( ဈ ) A သည် B ကို ကြိမ်ဖြင့် မတရားရိုက်နှက်ရာတွင် A ကို ပြစ်မှ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၂ နှင့် ပုဒ်မ ၃၂ ၃ တို့အရ ပြစ်မှုများအတွက် သီးခြားစီ စွဲချက်တင်ပြီး သီးခြားစီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။
(ည) ခိုးရာပါ စပါးအိတ်အများအပြားကို ခိုးရာပါပစ္စည်းဖြစ်ကြောင်း သိရှိသူ A နှင့် B တို့အား ဝှက်သိမ်းထားရန်ကိစ္စအလို့ငှာ အပ်နှံ ခဲ့သည်။ A နှင့် B တို့ကလည်း ၎င်းစပါးအိတ်များကို စပါးကျီ၏ အောက်ဆုံးထပ်၌ ဝှက်သိမ်းထားရန် မိမိတို့အလိုအလျောက် တစ်ဦး ကိုတစ်ဦး အချင်းချင်း ကူညီကြသည်တွင် A နှင့် B တို့ကို ပြစ်မှ ဆိုင်ရာဥပဒေပုဒ်မ ၄၁၁ နှင့် ပုဒ်မ ၄၁၄ တို့အရ ပြစ်မှုများဖြင့် သီးခြားစီ စွဲချက်တင်၍ သီးခြားစီ ပြစ်မှုထင်ရှား စီရင်နိုင်သည်။
( ဋ ) A သည် ကလေးကို စွန့်ပစ်ထားလျှင် သေဆုံးတန်ရာသည်ကို သိ လျက်နှင့် ၎င်းကလေးကိုစွန့်ပစ်ထားရာ၊ ကလေးမှာ ထိုကဲ့သို့ စွန့် ပစ်ထားခြင်းကြောင့် သေဆုံးသွားသည်။ A ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၁၇ နှင့် ပုဒ်မ ၃ဝ၄ တို့အရ ပြစ်မှုများဖြင့် သီးခြားစီ စွဲချက် တင်ပြီး သီးခြားစီ ပြစ်မှုထင်ရှား စီရင်နိုင်သည်။
( ဌ ) A သည် ပြည်သူ့ဝန်ထမ်းဖြစ်သူ B ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၆၇ အရ ပြစ်မှုတစ်ရပ်နှင့် ပြစ်မှုထင်ရှားစီရင်ရန်အတွက် လိမ်လည် အတုပြုလုပ် ထားသော စာတမ်း အမှတ်အသား တစ်ခုကို အစစ်အမှန်ကဲ့သို့ မရိုးမဖြောင့်သော သဘောဖြင့် အသုံးပြုရာတွင် A ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၇၁ (ပုဒ်မ ၄၆၆ နှင့်တွဲဖက်၍) နှင့် ပုဒ်မ ၁၉၆ တို့အရ ပြစ်မှုများဖြင့် သီးခြားစီစွဲချက်တင်ပြီး သီးခြားစီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။
ပုဒ်မခွဲ (၃) နှင့်ဆိုင်ရာ ဥပမာများ-
(ဍ) A သည် B အပေါ် လုယက်မှုကျူးလွန်ရာတွင် မိမိအလိုအလျောက် B အား ထိခိုက်နာကျင်စေရာတွင် A ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃၊ ပုဒ်မ ၃၉၂ နှင့် ပုဒ်မ ၃၉၄ တို့အရ ပြစ်မှုများဖြင့် သီးခြားစီ စွဲချက်တင်ပြီး သီးခြားစီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။