ပုဒ်မ ၂၁၈
ပုဒ်မ ၂၁၈
လွှဲအပ်တင်ပို့ကြောင်းကို မည်သည့်အခါ ကြေညာရခြင်း

(၁) တရားခံကို စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့သည့်အခါ ထိုသို့လွှဲအပ်တင်ပို့သည့် အကြောင်းအရာများနှင့် စွဲချက်ပါ စကားရပ်များကို တရားခံသိရှိပြီး ဖြစ်ကြောင်း ရာဇဝတ်တရားသူကြီးက ကျေနပ်မှုမရှိလျှင် ထိုသို့လွှဲအပ်တင်ပို့ သည့်အကြောင်းနှင့်တကွ မည်သည့် ပြစ်မှုနှင့်တင်ပိုကြောင်းများကို စွဲချက်ပါ စကားရပ်များအတိုင်း ရာဇဝတ်တရားသူကြီးက အမိန့်ချမှတ်၍ ထိုအမိန့်ကို နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ ခန့်ထားသူသို့ ထုတ်ဆင့်ရမည်။

စွဲချက်စသည်များကို တရားလွှတ်တော်၊ သို့မဟုတ် စက်ရှင်တရားရုံးသို့ တင်ပို့ရခြင်း

ထို့ပြင် စွဲချက်၊ စုံစမ်းစစ်ဆေးမှုနှင့် လက်နက်ကိရိယာတစ်စုံတစ်ရာ၊ သို့မဟုတ် အခြားအရာဝတ္ထု စသည်များကို သက်သေခံအဖြစ်တင်ပြရန် တရားရုံးအရာရှိ၊ သို့မဟုတ် ဤကိစ္စ အလို့ငှာ ခန့်အပ်ထားသည့် အခြားအရာရှိသို့ ပေးပို့ရမည်။

(၂) x x x x x x