(၁) တရားရုံး၏ဆုံးဖြတ်ချက်၌ တရားခံသည် စွပ်စွဲသည့်ပြစ်မှုကို ကျုးလွန်ကြောင်း ဖော်ပြသည့်အခါတိုင်း စစ်ဆေးစီရင်မှုပြုလုပ်သည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးသည် အကယ်၍ အဆိုပါပြုလုပ်မှုမှာ ဆုံးဖြတ်ချက်တွင် ပေါ်လွှင်သော သိနိုင်စွမ်းမရှိသည့် အကြောင်းကြောင့်မှတစ်ပါး ပြစ်မှုကျုးလွန်ရာရောက်မည်ဆိုပါက တရားခံကို မိမိသင့်သည် ထင်မြင်သည့်နေရာ၌ မိမိသင့်သည်ထင်မြင်သည့်နည်းလမ်းဖြင့် လုံခြုံမှုအချုပ်နှင့် ထိန်းသိမ်းထားရန် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးကအမိန့်ချမှတ်ရမည့်အပြင် မိမိဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်။
သို့ရာတွင် ရူးသွပ်ခြင်းအက်ဥပဒေအရ နိုင်ငံတော်သမ္မတက ထုတ်ပြန်ထားသော နည်းဥပဒေများနှင့် အညီမဟုတ်ခဲ့လျှင် တရားခံကို စိတ္တဇဆေးရုံတွင် ထိန်းသိမ်းထားရန် အမိန့်မချမှတ်ရ။
နိုင်ငံတော်သမ္မတက အကျဉ်းထောင်မင်းကြီး၏ တာဝန်အချို့ကို လွှတ်ငြိမ်းစေနိုင်ခွင့်အာဏာ။
(၂) တစ်ဦးတစ်ယောက်အား ပုဒ်မ ၄၆၆၊ သို့မဟုတ် ဤပုဒ်မပါပြဋ္ဌာန်းချက် အရ ချုပ်ထားရာ အကျဉ်းထောင်တာဝန်ခံအရာရှိကို ပုဒ်မ ၄၇၃၊ သို့မဟုတ် ပုဒ်မ ၄၇၄ အရ အကျဉ်းထောင်မင်းကြီးဆောင်ရွက်ရသည့်အလုပ်ဝတ္တရားများအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက အာဏာအပ်နှင်းနိုင်သည်။