ပုဒ်မ ၅၀၅
ပုဒ်မ ၅၀၅
အမှုသည်များက သက်သေများကို စစ်မေးနိုင်ခြင်း

(၁) ကျင့်ထုံးဥပဒေအရ ကော်မရှင်စာထုတ်ဆင့်သည့် အမှုတစ်စုံတစ်ရာမှ အမှုသည်များသည် ကော်မရှင်စာထုတ်ဆင့်သည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် တရားရုံးက အငြင်းပွားချက်နှင့် စပ်ဆိုင်သည်ဟု ယူဆနိုင်သော မေးခွန်းများကို အသီးသီး ရေးသားပေးပို့နိုင်ကြပြီး ကော်မရှင်စာ ပေးပို့ခြင်းခံရသော ရာဇဝတ်တရားသူကြီးသည်၊ သို့မဟုတ် အဆိုပါ ကော်မရှင်စာအရ ဆောင်ရွက်ရန် တာဝန်လွှဲအပ်ခြင်းခံရသော ရာဇဝတ်တရားသူကြီးသည် အဆိုပါမေးခွန်းများနှင့် စပ်လျဉ်း၍ သက်သေကို စစ်ပေးရမည်။

(၂) အဆိုပါအမှုသည်တစ်ဦးဦးသည် ထိုရာဇဝတ်တရားသူကြီးရှေ့သို့ ရှေ့နေဖြင့် လာရောက်နိုင်သည်၊ သို့မဟုတ် ချုပ်နှောင်ခံနေရခြင်းမရှိပါက မိမိကိုယ်တိုင် လာရောက်နိုင် သည်။ ထို့ပြင် အဆိုပါသက်သေကို စစ်မေးနိုင်သည်၊ ပြန်လှန်စစ်မေးနိုင်သည်၊ လိုအပ်လျှင် ထပ်မံ စစ်မေးနိုင်သည်။