တရားရုံး၏ထင်မြင်ချက်ရယူရန် အမှုတင်သွင်းပိုင်ခွင့်
မည်သူတို့ကမဆို တရားရုံး၏ထင်မြင်ချက် ရယူရန်အတွက် အမှုတစ်မှုကို တရားရုံးသို့ တင်သွင်းရန် စာဖြင့်ရေးသား သဘောတူညီကြလျှင် တရားရုံးသည် ယင်းအမှုကို သတ်မှတ်သည့် နည်းလမ်းနှင့်အညီ စစ်ဆေးဆုံးဖြတ်ရမည်။