မြန်မာနိုင်ငံသားတစ်ယောက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နယ်မြေပြင်ပ တွင် ပြစ်မှုတစ်ရပ်ကို ကျူးလွန်သည့်အခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် နေရာ၌ မဆို ၎င်းအား တွေ့ရှိရာနေရာတွင် အဆိုပါပြစ်မှုကို ကျူးလွန်ဘိသကဲ့သို့ ၎င်းအား အရေးယူ နိုင်သည်။
သို့ရာတွင် တစ်ဦးတစ်ယောက်သောသူအား ဤပုဒ်မအရ အရေးယူ ဆောင်ရွက်ခဲ့လျှင် (အကယ်၍ အဆိုပါ ပြစ်မှုကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ကျူးလွန်ခဲ့ပါက ယင်းပြစ်မှုအတွက် အဆိုပါ ပုဂ္ဂိုလ်အား နောက်ထပ်အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်သကဲ့သို့) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နယ်မြေ ပြင်ပ မည်သည့်နေရာဒေသ၌ မဆို ထိုပြစ်မှုနှင့် စပ်လျဉ်း၍ “ မြန်မာနိုင်ငံ ပြစ်မှု ကျူးလွန်သူအာ ဆိုင်ရာနိုင်ငံသို့ ပေးအပ်ခြင်း အက်ဥပဒေ” အရ ထိုသူကို ထပ်မံအရေးမယူစေရ။