ပုဒ်မ ၂၆၀
ပုဒ်မ ၂၆၀
အကျဉ်း စစ်ဆေးစီရင် ခွင့်အာဏာ

(၁) ဤဥပဒေတွင် မည့်သို့ပင်ပါရှိစေကာမူ-

(က) ခရိုင်ရာဇဝတ်တရားသူကြီး၊

(ခ) ဤကိစ္စအတွက် နိုင်ငံတော်သမ္မတက အထူးအားဖြင့် အာဏာ အပ်နှင်းခြင်းခံရသော ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီး တစ်ဦးဦးနှင့်

(ဂ) ပထမတန်း အာဏာရ ရာဇဝတ်တရားသူကြီး၏ အာဏာရရှိပြီး နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အထူးအားဖြင့် အာဏာအပ်နှင်းခြင်း ခံရသော ခုံရုံးထိုင် ရာဇဝတ်တရားသူကြီးများ

သည် မိမိ၊ သို့မဟုတ် မိမိတို့ သင့်သည်ထင်မြင်လျှင် အောက်ပါပြစ်မှုများအနက် အားလုံးကို ဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နိုင်သည်-

(က) သေဒဏ်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်ဖြစ်စေ၊ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ တစ်နှစ်ထက်ပိုသော ထောင်ဒဏ် ဖြစ်စေ ပြစ်ဒဏ်စီရင်ခွင့်မရှိသော ပြစ်မှုများ၊

(ခ) ခိုးယူသည့်ပစ္စည်း၏ တန်ဖိုးသည် ကျပ်ငါးသောင်း ထက်မပိုသော ပြစ်မှ ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉၊ ၃၈ဝ၊ သို့မဟုတ် ၃ဂ၁ အရ ခိုးမှ များ၊

(ဂ) အလွဲသုံးစားပြုသည့် ပစ္စည်း၊ သို့မဟုတ် ပြောင်းလဲလိုက်သည့် ပစ္စည်း၏တန်ဖိုးသည် ကျပ်ငါးသောင်း ထက် မပိုသော ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၃ အရ မရိုးမဖြောင့်သော သဘောဖြင့် ပစ္စည်းအလွဲသုံး စားပြုမှုနှင့် ယင်းဥပဒေပုဒ်မ ၄၀၆ အရ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုများ၊

(ဃ) ပစ္စည်းတန်ဖိုး ကျပ်ငါးသောင်း ထက်မပိုသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၁၁ အရ ခိုးရာပါပစ္စည်းလက်ခံမှုနှင့် ယင်းဥပဒေပုဒ်မ ၄၁၄ အရ ခိုးရာပါပစ္စည်းကို ဝှက်သိမ်းရာတွင် ကူညီမှု၊ သို့မဟုတ် ယင်းပစ္စည်း ကို ထုခွဲရာတွင် ကူညီမှုများ၊

(င) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂ ၇ အရ အကျိုးဖျက်ဆီးမှုများ၊

(စ) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၁၊ ၄၅၃၊ ၄၅၄၊ ၄၅၆ နှင့် ၄၅၇ အရ ပြစ်မှုများ၊

(ဆ) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၄ အရ ငြိမ်ဝပ်ရေး ပျက် ပြား စေ ရန် အကြံဖြင့် စော်ကားမှုနှင့် ပုဒ်မ ၅၀၆ အရ ပြစ်မှုမကင်းသော ခြောက်လှန့်မှုများ၊

(ဇ) အထက်ဆိုခဲ့သည့်ပြစ်မှုများအနက် ပြစ်မှုတစ်စုံတစ်ရာကို အားပေး ကူညီမှုများ၊

(ဈ) အထက်ဆိုခဲ့သည့်ပြစ်မှုများအနက် ပြစ်မှုတစ်စုံတစ်ရာကို ကျုးလွန်ရန် အားထုတ်မှုသည် ပြစ်မှုမြောက်သောအခါ ယင်းပြစ်မှ တစ်စုံတစ်ရာကို ကျူးလွန်ရန် အားထုတ်မှုများ၊

(ည) ကျွဲနွား တိရစ္ဆာန်ကျော်နင်းဝင်ရောက်ခြင်း အက်ဥပဒေပုဒ်မ ၂ဝ အရ ပြစ်မှုများ။

သို့ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၃၄ အရ အပ်နှင်းထားသော အထူး အာဏာများကို ရာဇဝတ်တရားသူကြီးက သုံးစွဲသည့် မည်သည့်အမှုတွင်မဆို အကျဉ်းနည်းဖြင့် မစစ်ဆေးရ။

(၂) အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်နေစဉ်အတွင်း အမှုမှာ အကျဉ်းနည်းဖြင့် စစ်ဆေးစီရင်ရန် မသင့်သည့်အမှုဟု ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ ခုံရုံးကဖြစ်စေ ယူဆလျှင် ၎င်းရာဇဝတ်တရားသူကြီးသည်၊ သို့မဟုတ် ခုံရုံးသည် စစ်ဆေးပြီးသော မည်သည့်သက်သေကို မဆို ပြန်ခေါ်ရမည့်အပြင် ဤဥပဒေတွင်ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ပြန်လည်စစ်ဆေးရမည်။