ပုဒ်မ ၂၇၉
ပုဒ်မ ၂၇၉
ကန့်ကွက်ချက်ကို ဆုံးဖြတ်ခြင်း

(၁) ဂျူရီလူကြီးတစ်ဦးနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက် အားလုံးကို တရားရုံးက ဆုံးဖြတ်ရမည်။ ထို့ပြင် ထိုဆုံးဖြတ်ချက်ကို မှတ်တမ်းတင်ရမည့်အပြင် ထိုဆုံးဖြတ်ချက်သည် အပြီးသတ် အတည်ဖြစ်စေရမည်။

ကန့်ကွက်ချက်ကို ခွင့်ပြုခံရသော ဂျူရီလူကြီးနေရာအတွက် အစားထိုးခြင်း။

(၂) ကန့်ကွက်ချက်ကိုခွင့်ပြခဲ့လျှင် ထိုဂျူရီလူကြီး၏နေရာအတွက် ရုံးခေါ်စာကို နာခံ၍ ရုံးသို့ရောက်ရှိနေပြီး ပုဒ်မ ၂၇၆ တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ရွေးချယ်ထားသည့် ဂျရီ လူကြီးကိုဖြစ်စေ၊ ထိုသူမရှိခဲ့လျှင် ဂျူရီလူကြီးစာရင်းတွင် အမည်ပါရှိပြီး တရားရုံးရှေ့တွင် ရှိနေသူ မည်သူကိုမဆိုဖြစ်စေ၊ ဂျူရီအဖြစ်ဆောင်ရွက်ရန် တရားရုံးကသင့်တော်သည်ဟု ထင်မြင်ယူဆသူကို ဖြစ်စေ အစားထိုးရမည်။

သို့ရာတွင် ထိုဂျူရီလူကြီး၊ သို့မဟုတ် အခြားပုဂ္ဂိုလ်သည် ပုဒ်မ ၂၇ဂ အရ ကန့်ကွက်ချက် လက်ခံထားခြင်းခံရသူ မဖြစ်စေရ။