ပုုဒ်မ ၂၆
ပုုဒ်မ ၂၆
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ ကြေညာခြင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ထားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း

ပုဒ်မ ၂၂ ပါသက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးသည် ပုဒ်မ ၂၄ အရ စိစစ်ပြီးနောက် အောက်ပါ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် သတ် မှတ်ချက်များနှင့် ညီညွတ်ပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက် ခံပိုင် ခွင့်ရှိသူဖြစ်ကြောင်း သတ်မှတ်ကြေညာခြင်း၊

(ခ) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူသည် သတ် မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိသူဖြစ်ကြောင်း သတ်မှတ်ကြေညာခြင်း။