ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ထမ်းဆောင်စဉ် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် ကြိုးပမ်းသော သို့မဟုတ် ရုန်းရင်းဆန်ခတ်မှုကိုဖြစ်စေ၊ သတ်ပုတ်နှောင့်ယှက်မှုကိုဖြစ်စေ၊ နှိမ်နင်းရန် ကြိုးပမ်းသော ပြည်သူ့ဝန်ထမ်းကို မည်သူမဆို လက်ရောက်မှုပြုလျှင် သို့မဟုတ် လက်ရောက်မှုပြုရန် ခြိမ်းခြောက်လျှင်ဖြစ်စေ၊ ဟန့်တားလျှင် သို့မဟုတ် ဟန့်တားရန် အားထုတ်လျှင်ဖြစ်စေ၊ ထိုပြည်သူ့ ဝန်ထမ်းကို ရာဇဝတ်မကင်းသော အနိုင်အထက်ပြုလျှင်ဖြစ်စေ၊ ထိုသို့ပြုရန် ခြိမ်းခြောက်လျှင် သို့မဟုတ် ထိုသို့ပြုရန်အားထုတ်လျှင်ဖြစ်စေ ထိုသူကိုသုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။