ပုဒ်မ ၈၀
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကိုဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတ ပြောကြားသည့်မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊
(ခ) နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် နာယကက ခွင့်ပြုသောအခြား သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဂ) ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဃ) ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(စ) ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဆ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဇ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊
(ဈ) ပြည်ထောင်စုလွှတ်တော် နာယက ကခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။