ပုဒ်မ ၉
နိုင်ငံတော်အခြေခံမူများ
(က) ရှိရင်းစွဲတိုင်း(၇) တိုင်းကို တိုင်းဒေသကြီး(၇) ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ်အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်။
(ခ) ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ်(၇) ပြည်နယ်တို့၏ အမည်များကို ရှိရင်းစွဲအတိုင်း ခေါ်ဆိုသုံးနှုန်းသည်။
(ဂ) တိုင်းဒေသကြီးတစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏ အမည်ကို ဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီးဥပဒေပြဋ္ဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်။