ပုဒ်မ ၂၅၅
ပုဒ်မ ၂၅၅
ဖြေကြားချက်

( ၁) ထိုနောက် စွဲချက်ကို တရားခံအား ဖတ်ပြပြီး ရှင်းပြရမည်။ထို့ပြင် တရားခံ အား အပြစ် ရှိ မရှိ၊ သို့မဟုတ် တစ်စုံတစ်ရာ ခုခံချေပရှင်းလင်းရန် ရှိ မရှိတို့ကို မေးမြန်းရမည်။

(၂) တရားခံက ၎င်း၌အပြစ်ရှိကြောင်း ဖြေကြားလျှင် ယင်းဖြေကြားချက်ကို ရာဇဝတ်တရားသူကြီးက ရေးမှတ်ရမည်။ ထို့ပြင် ရာဇဝတ်တရားသူကြီးက မိမိသဘောအတိုင်း ၎င်းဖြေကြားချက်အရ တရားခံအပေါ် ပြစ်မှုထင်ရှား စီရင်နိုင်သည်။