ပုဒ်မ ၄၉၁
ပုဒ်မ ၄၉၁
ရှေ့တော်သွင်း စာချွန်တော် တစ်ရပ်ကဲ့သို့ သဘောသဘာဝရှိသော ညွှန်ကြားချက်များ

(၁) တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က မိမိသင့်သည် ထင်မြင်သည့်အတိုင်း ညွှန်ကြားနိုင်သည်မှာ--

(က) မိမိ၏ ပြစ်မှုဆိုင်ရာ အယူခံစီရင်ပိုင်ခွင့်အာဏာ နယ်မြေအတွင်း တစ်ဦးတစ်ယောက်ကို တရားဥပဒေနှင့် အညီဆောင်ရွက်ရေးအတွက် တရားရုံးရှေ့သို့ တင်ပို့ပေးရန်၊

( ခ ) အဆိုပါ စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်း၌ မတရားဖြစ်စေ၊ နည်းလမ်း မကျဘဲဖြစ်စေ အများပြည်သူဆိုင်ရာအချပ်၊ သို့မဟုတ် ပုဂ္ဂလိက အချုပ်မှ လွှတ်ရန်၊

( ဂ )အဆိုပါ စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်းတည်ရှိသည့် အကျဉ်း ထောင်တစ်ခုခုတွင် ချုပ်နှောင်ထိန်းသိမ်းထားသည့် အကျဉ်းသား တစ်ဦးကို အဆိုပါတရားရုံး ဆောင်ရွက်ဆဲဖြစ်သည့် ကိစ္စတစ်ခုတွင် ဖြစ်စေ၊ စုံစမ်းမှုတစ်ရပ်တွင်ဖြစ်စေ သက်သေတစ်ဦးအဖြစ် စစ်မေးရန်အတွက် တရားရုံးရှေ့သို့ တင်ပို့ စေရန်၊

(ဃ)အထက်တွင်ဆိုခဲ့သည့်အတိုင်း ချုပ်နှောင် ထိန်းသိမ်းထားသည့် အကျဉ်းသားတစ်ဦးကို စစ်ဘက်ဆိုင်ရာ တရားရုံးတစ်ရုံးသို့ဖြစ်စေ၊ နိုင်ငံတော်သမ္မတထံမှ လွှဲအပ်သည့် ကော်မရှင်တစ်ရပ်ရပ်၏ အခွင့်အာဏာဖြင့် ဆောင်ရွက်သည့် ကော်မရှင်နာလူကြီးများရှေ့သို့ ဖြစ်စေ အဆိုပါ စစ်ဘက်ဆိုင်ရာတရားရုံး၊ သို့မဟုတ် ကော်မရှင်နာ လူကြီးများရှေ့တွင် ဆောင်ရွက်ဆဲဖြစ်သည့် ကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စစ်ဆေးကြားနာရန်အတွက်၊ သို့မဟုတ် မေးရန်အတွက် တရားရုံးရှေ့သို့ တင်ပိုစေရန်၊

( င ) အဆိုပါ စီရင်ပိုင်ခွင့်အာဏာနယ်မြေအတွင်း အကျဉ်းသားတစ်ဦးအား စစ်ဆေးစီရင်ရန် ကိစ္စအလို့ငှာ အချပ်တစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းရန်၊

(၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဤပုဒ်မအရဆောင်ရွက်သည့်အမှုများ၌ လိုက်နာရန် ကျင့်ထုံးကို အခါအားလျော်စွာ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။

(၃) ဤပုဒ်မပါ မည်သည့်အချက်ကမျှ နိုင်ငံတော်အကျဉ်းသားများ စည်းမျဉ်း ဥပဒေအရ ချုပ်နှောင် ထိန်းသိမ်းထားသူများနှင့် သက်ဆိုင်ခြင်း မရှိစေရ။