ပုဒ်မ ၅၁
ပုဒ်မ ၅၁
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
နိုင်ငံတော်ကို အောက်ပါအတိုင်း စုစည်းသည်- (က) ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ်စုစည်းသည်၊ (ခ) ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ်စုစည်းသည် ၊ (ဂ) ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်စုစည်းသည်၊ (ဃ) မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်၊ (င) ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ်စုစည်းသည်၊ (စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် စုစည်းသည်၊ (ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိမြို့နယ်များကို ခရိုင်အဖြစ်စုစည်းပြီး ယင်း ခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းသည်၊ (ဇ) တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်၊ (ဈ) တိုင်းဒေသကြီးများ ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော်အဖြစ်စုစည်းသည်။
ပြစ်ဒဏ်
-