ပုဒ်မ ၁၉၆-က
ပုဒ်မ ၁၉၆-က
ပြစ်မှုမကင်းသော ပူးပေါင်းကြံစည်မှုအချို့အတွက် တရားစွဲဆိုခြင်း

မည်သည့်တရားရုံးကမျှ ရာဇသတ်ကြီးပုဒ်မ ၁၂ဝ-ခ အရ ပြစ်ဒဏ် စီရင်ထိုက်သည့် ပြစ်မှုမကင်းသော ပူးပေါင်းကြံစည်မှုကို အောက်ပါအချက်များ၌ အရေးမယူရ -

(၁) ပူးပေါင်းကြံစည်ခြင်း၏ ရည်ရွယ်ချက်မှာ ပြစ်မှုမှတစ်ပါး ဥပဒေနှင့်မညီသော ပြုလုပ်မှု တစ်ရပ်ကိုဖြစ်စေ၊ ဥပဒေနှင့်ညီသော ပြုလုပ်မှုတစ်ရပ်ကို ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် ပြုလုပ်မှုတစ်ရပ်ကိုဖြစ်စေ၊ ပုဒ်မ ၁၉၆ ပါ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင် သည့် ပြစ်မှု တစ်ရပ်ကိုဖြစ်စေ ကျူးလွန်ရန်ဖြစ်လျှင် နိုင်ငံတော်သမ္မတ၏ အမိန့်အရဖြစ်စေ၊ နိုင်ငံတော် သမ္မတ၏ အခွင့်အမိန့်အရဖြစ်စေ၊ ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက အာဏာအပ်နှင်း ထားသည့် အရာရှိ တစ်ဦးတစ်ယောက်က ဖြစ်စေ ပြုလုပ်တိုင်တန်းချက် မရှိသည့်အမှု သို့မဟုတ်

(၂) ပူးပေါင်းကြံစည်ခြင်း၏ ရည်ရွယ်ချက်မှာ ရဲအရေးယူပိုင်ခွင့်မရှိသော ပြစ်မှုတစ်စုံ တစ်ရာ ကို သေဒဏ် သို့မဟုတ် တစ်ကျွန်းပို့ဒဏ် သို့မဟုတ် နှစ်နှစ်နှင့်အထက် အလုပ် နှင့် ထောင်ဒဏ် မချမှတ်ထိုက်သော ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုကိုကျူးလွန်ရန် ဖြစ်လျှင် နိုင်ငံတော်သမ္မတ ၏ သို့မဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အာဏာ အပ်နှင်းထားသော ခရိုင် ရာဇဝတ်တရားသူကြီးတစ်ဦး၏ မှုခင်းစတင် ဆောင်ရွက်ခြင်းကို သဘောတူကြောင်း အမိန့်စာ မပါရှိသောအမှု။

သို့ရာတွင် ပုဒ်မ ၁၉၅ ပုဒ်မခွဲ (၄) ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပြစ်မှုမကင်းသော ပူးပေါင်းကြံစည်မှုမျိုးဖြစ်လျှင် အဆိုပါသဘောတူညီချက်ရှိရန် လိုအပ်ခြင်းမရှိ။