ပုဒ်မ ၅၆၁-က
ပုဒ်မ ၅၆၁-က
တရားလွှတ်တော်၏ မူလဘူတအာဏာကို ထိန်းသိမ်းခြင်း

ဤဥပဒေအရ ချမှတ်သော အမိန့်တစ်ရပ်ကို အတည်ပြုရန်အတွက် လိုအပ်သည့် အမိန့်များကို ချမှတ်ရန်ဖြစ်စေ၊ တရားရုံး၏ ဥပဒေလုပ်ထုံးလုပ်နည်းကို အလွဲပြခြင်းမှ တားဆီးကာကွယ်ရန်ဖြစ်စေ၊ အခြားနည်းဖြင့် တရားဖြောင့်မှန်ရာရောက်အောင် ပြုလုပ်ရန်ဖြစ်စေ ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၌ရှိရင်းစွဲဖြစ်သော မူလဘူတအာဏာကို ဤဥပဒေတွင်ပါသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ကန့်သတ်သည်၊ သို့မဟုတ် ထိခိုက်သည်ဟု မမှတ်ယူစေရ။