ပုဒ်မ ၁၁၃
ပုဒ်မ ၁၁၃
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ရပ်စဲခြင်း
(က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် နောက်တစ်ကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းပထမအစည်းအဝေး စတင်မကျင်းပမီ အချိန်အထိဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်၊ (ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌသည် နုတ်ထွက်လျှင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းခံရလျှင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင်ဖြစ်စေ၊ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌတာဝန်မှ ပြည်သူ့လွှတ်တော်၏ ရုပ်သိမ်းခြင်းကိုခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ်မှ ရပ်စဲပြီး ဖြစ်စေရမည်။
ပြစ်ဒဏ်
-