(၁) ဤဥပဒေအရ အာဏာများ အပ်နှင်းရာတွင် အမည်ထုတ်ဖော်၍ဖြစ်စေ၊ ရာထူးအလျောက်ဖြစ်စေ နိုင်ငံတော်သမ္မတက အမိန့်ထုတ်ပြန်၍ အပ်နှင်းနိုင်သည်၊ သို့မဟုတ် အရာရှိအတန်းအစား အမျိုးမျိုးအား ၎င်းတို့၏ ရာထူးအမည်များကို ယေဘုယျ ဖော်ပြ၍လည်း အပ်နှင်းနိုင်သည်။
(၂) ဤကဲ့သို့အာဏာအပ်နှင်းသည့် အမိန့်များသည် အာဏာအပ်နှင်းခြင်းခံရသူထံ အကြောင်း ကြားသည့် နေ့မှစ၍ အတည်ဖြစ်သည်။