(၁) တရားရုံး တစ်ရုံးရုံးသည် စီရင်ချက်မချမီ မည်သည့်အချိန်၌မဆို စွဲချက် တစ်ခုခုသို့ ပြောင်းလဲနိုင်သည်၊ သို့မဟုတ် ဖြည့်သွင်းနိုင်သည်၊ သို့မဟုတ် စက်ရှင်တရားရုံး၊ သို့မဟုတ် တိုင်းဒေသကြီးတရားလွတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ရှေ့ဂျူရီဖြင့် စစ်ဆေးကြားနာရသည့် အမှုများတွင် ထိုဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ကိုမတင်မီ စွဲချက်ကို ပြောင်းလဲနိုင်သည်၊ သို့မဟုတ် ဖြည့်သွင်းနိုင်သည်။
(၂) ယင်းသို့ ပြောင်းလဲ၊ သို့မဟုတ် ဖြည့်သွင်းထားသည့် စွဲချက်တစ်ရပ်ရပ်ကို တရားခံအား ဖတ်ပြောရမည့်အပြင် ရှင်းလင်းပြရမည်။