မည်သည့်အခါမဆို တစ်စုံတစ်ယောက်သောသူသည် ပြစ်မှုကျူးလွန်ကြောင်း အဆိုရှိသည့်အချိန်တွင် စိတ်ပေါ့သွပ်ခြင်းကြောင့် ပြစ်မှုမြောက်ကြောင်း အဆိုရှိသည့် ပြုလုပ်မှု၏ သဘောကို မသိနိုင်ကြောင်း၊ သို့မဟုတ် ၎င်းပြုလုပ်မှုသည် မတော်မမှန်သည်ကိုဖြစ်စေ၊ ဥပဒေနှင့် ဆန့်ကျင်ကြောင်းကိုဖြစ်စေ မသိနိုင်ကြောင်းကိုအခြေပြု၍ ၎င်းတရားခံကို အမှုမှအပြီးအပြတ် လွှတ်သည့်အခါ ၎င်းတရားခံသည် ပြုလုပ်မှုကို ပြုလုပ်ကြောင်း၊ သို့မဟုတ် မပြုလုပ်ကြောင်း ဆုံးဖြတ်ချက်တွင် သီးခြားဖော်ပြရမည်။