ပုဒ်မ ၁၇၄
ပုဒ်မ ၁၇၄
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်း အဝေးတစ်ကြိမ်နှင့်တစ်ကြိမ်အကြား အရှည်ကြာဆုံးကာလသည် ၁၂ လထက်မပိုစေရ။


ကျင့်ထုံး