ပုဒ်မ ၂၂၆
ပုဒ်မ ၂၂၆
ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ

ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် နယ်နိမိတ်ပြင်ဆင် သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှုများမှအပ-

(က) တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အချင်းချင်းဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ပေးခြင်း၊ လိုအပ်လျှင် အဆုံးအဖြတ်ပေးခြင်းပြုသည်၊

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ပြည်ထောင်စုနယ်မြေအကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လိုအပ်လျှင်အဆုံးအဖြတ်ပေးခြင်းပြုသည်။



ကျင့်ထုံး