ပုဒ်မ ၁၅၅
ပုဒ်မ ၁၅၅
ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများတွင် သတင်းပေးခြင်း

(၁) ရဲစခန်းတစ်ခု၏ နယ်မြေအတွင်း၌ ရဲအရေးယူပိုင်ခွင့်မရှိသော ပြစ်မှုတစ်ရပ် ကျူးလွန် သည့်အကြောင်း ၎င်းရဲတပ်ဖွဲ့စခန်းမှူးထံ သတင်းပေးလာလျှင် ရဲအရာရှိသည် ထိုသတင်း ပေးချက်၏ အကျဉ်းချုပ်ကို အထက်တွင်ဆိုခဲ့သည့်အတိုင်း ထားရှိသည့်စာအုပ်တွင် ရေးသွင်း၍ ထို သတင်းပေးသူကို တရားသူကြီးထံ သွားရောက်ရန် လမ်းညွှန်ပေးရမည်။

ရဲအရေးယူပိုင်ခွင့်ရှိသော အမှုများတွင် စုံစမ်းထောက်လှမ်းခြင်း

(၂) အဆိုပါအမှုကို စစ်ဆေးစီရင်ရန် သို့မဟုတ် စစ်ဆေးစီရင်ရန်အတွက် အဆိုပါအမှုကို တင်ပြရန် အာဏာရှိသော ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရတရားသူကြီး တစ်ဦး၏ အမိန့်မရရှိဘဲ မည်သည့် ရဲအရာရှိကမျှ ရဲအရေးယူပိုင်ခွင့် မရှိသောအမှုကို စုံစမ်းထောက်လှမ်းခြင်း မပြုရ

(၃) အဆိုပါ အမိန့်မျိုးရရှိသော မည်သည့်ရဲအရာရှိကမဆို ရဲအရေးယူပိုင်ခွင့်ရှိသော အမှု၌ သုံးစွဲနိုင်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှူးတစ်ဦး ရရှိသော အာဏာများကို သုံးစွဲလျက် စုံစမ်းထောက်လှမ်းနိုင်သည်။ သို့သော် ဝရမ်းမပါဘဲ ဖမ်းဆီးရန် အာဏာမရှိပေ။