ပုဒ်မ ၄၂
ပုဒ်မ ၄၂
ရာဇဝတ်တရားသူကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့အား ပြည်သူက မည်သည့်အခါတွင် အကူအညီ ပေးရခြင်း

မည်သူမဆို -

(က) ရာဇဝတ်တရားသူကြီး သို့မဟုတ် ရဲအရာရှိက အခြားသူတစ်ဦးကိုဖမ်းဆီးရန် အာဏာရှိသည့်အတိုင်း ဖမ်းဆီးယူဆောင်ရာတွင်ဖြစ်စေ၊ ထွက်မပြေးနိုင်အောင် ပြုလုပ်ရာတွင် ဖြစ်စေ၊

(ခ) ငြိမ်ဝပ်ပိပြားမှု မပျက်ပြားစေရန် တားမြစ်ကာကွယ်ရာတွင်ဖြစ်စေ၊ နှိပ်ကွပ်ရာတွင်ဖြစ်စေ သို့မဟုတ် မီးရထားလမ်း၊ တူးမြောင်း၊ ကြေးနန်းမှစ၍ ပြည်သူပိုင်ပစ္စည်း တစ်စုံတစ်ရာကို ထိခိုက်ပျက်စီးအောင် ကြံစည်အားထုတ်မှု ပြုလုပ်သည်ကို တားမြစ်ရာတွင်ဖြစ်စေ၊

သင့်လျော်စွာ အကူအညီ တောင်းခံသော ရာဇဝတ်တရားသူကြီး သို့မဟုတ် ရဲအရာရှိအား ကူညီရန် တာဝန်ရှိသည်။