သေဒဏ်စီရင်ခြင်းခံရသည့် မိန်းမတစ်ဦးတစ်ယောက်မှာ ကိုယ်ဝန်ဆောင်မိန်းမ ဖြစ်ကြောင်း သိရလျှင် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်သည် ၎င်းသေဒဏ်စီရင်ချက် အဘည်ပြုလုပ်ခြင်းကို ရွှေ့ဆိုင်းထားရန် အမိန့်ချမှတ်ရမည်။ ထို့ပြင် သင့်သည်ထင်မြင်ပါက ၎င်းသေဒဏ်ကို သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အဖြစ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်အဖြစ်လျော့ပေါ့ ပြောင်းလဲနိုင်သည်။ (ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအမှတ် ၁၆/၂၀၁၆)