ခရိုင်ရာဇဝတ်တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်း အာဏာရ တရားသူကြီးသည်-
(က) တစ်စုံတစ်ယောက်သောသူမှာ ထိုရာဇဝတ်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာ နယ်မြေ အတွင်း၌ ၎င်းရှိနေခြင်းကို ဖုံးကွယ်ရန် သတိနှင့်နေကြောင်း တွေ့ရှိရကြောင်းနှင့် ထိုသူက ထိုသို့နေခြင်းမှာ ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ရန်ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်း ရှိနေကြောင်း သို့မဟုတ်
(ခ) အဆိုပါ နယ်မြေအတွင်း၌ အသက်မွေးဝမ်းကျောင်း အထင်အရှား မရှိသူ သို့မဟုတ် မိမိ အကြောင်းကို ကျေနပ်လောက်အောင် ပြောမပြနိုင်သူ တစ်စုံတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိသည့်အခါ ရာဇဝတ်တရားသူကြီးက မိမိသင့်သည်ထင်မြင်သည့် တစ်နှစ်ထက် မပိုသော ကာလအပိုင်းအခြားအတွင်း ကောင်းမွန်စွာကျင့်ကြံနေထိုင်ရန် အာမခံသူများ ဖြင့် ခံဝန်ချုပ်စေရန် မည်သည့်အကြောင်းကြောင့် ထိုသူ့အပေါ် အမိန့်မထုတ်သင့်ကြောင်း ကို အကြောင်းပြ ထုချေစေရန် အောက်တွင် ပြဋ္ဌာန်းပါရှိသည့်နည်းဖြင့် တောင်းဆို နိုင်သည်။