ပုဒ်မ ၁၂၂
ပုဒ်မ ၁၂၂
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီး၏ပြစ်ဒဏ်

(၁) မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုကြီးကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ချမှတ်ခြင်းခံရမည်။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်သူ သို့မဟုတ် သာမန်အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူ မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံအပတွင် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ကြီးကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ချမှတ်ခြင်းခံရမည်။



ကျင့်ထုံး
  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်ရုံးက စစ်ဆေးနိုင်သည် (ယခု ပြည်နယ်/တိုင်းဒေသကြီး/မြိုနယ်တရားရုံးများက စစ်ဆေးနိုင်သည်။