(၁) မည်သည့်ရဲအရာရှိ သို့မဟုတ် အခွင့်အာဏာရှိသူ အခြားသူတစ်ဦးတစ်ယောက်ကမျှ သက်သေခံအက်ဥပဒေပုဒ်မ ၂၄ တွင်ဖော်ပြထားသည့်အတိုင်း သွေးဆောင်မှု၊ ခြိမ်းခြောက် မှု သို့မဟုတ် ကတိထားမှု တစ်စုံတစ်ရာကို ကမ်းလှမ်းခြင်း သို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် ကမ်းလှမ်းစေခြင်း သို့မဟုတ် ပြုလုပ်စေခြင်း မရှိစေရ။
(၂) သို့ရာတွင် မည်သည့်ရဲအရာရှိ သို့မဟုတ် အခြားသူကမျှ ဤအခန်းအရပြုလုပ်သော စုံစမ်း ထောက်လှမ်းမှု တစ်စုံတစ်ရာအတောအတွင်း မည်သူမဆို မိမိ၏ လွတ်လပ်သော သဘော ဆန္ဒ အလျောက် ထုတ်ဖော်ထွက်ဆိုချက် တစ်စုံတစ်ရာကို မပြုလုပ်ရန် သတိပေးချက် တစ်စုံ တစ်ရာဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မတားမြစ်ရ။