ပုဒ်မ ၁၂၂
ပုဒ်မ ၁၂၂
အာမခံ လူများကို ပယ်နိုင်ခွင့်အာဏာ

(၁) တရားသူကြီးတစ်ဦးသည် ဤအခန်းအရ အာမခံသူတစ်ဦး တစ်ယောက်မှာ ခံဝန်ချုပ် ကိစ္စများ အလို့ငှာ မသင့်လျော်သူဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ယင်းကဲ့သို့ သော အာမခံသူကို လက်ခံရန် ငြင်းပယ်နိုင်သည် သို့မဟုတ် မိမိ ကိုယ်တိုင်ဖြစ်စေ၊ မိမိ အလျင် တရားသူကြီးကဖြစ်စေ လက်ခံထားသော အာမခံသူ တစ်ဦးတစ်ယောက်ကို ပယ်နိုင်သည်။

သို့ရာတွင် အဆိုပါ အာမခံသူ တစ်ဦး တစ်ယောက်ကို လက်ခံရန် မငြင်းပယ်မီ သို့မဟုတ် ပယ်ဖျက်ခြင်းမပြုမီ ယင်းအာမခံသူသည် သင့်လျော်သူ ဟုတ် မဟုတ် ကျမ်းသစ္စာပြုစေပြီး ကိုယ်တိုင်စုံစမ်းစစ်ဆေးရမည် သို့မဟုတ် မိမိ၏ လက်အောက်ရှိ တရားသူကြီး တစ်ဦးအား ထိုကဲ့သို့ စုံစမ်းစစ်ဆေးစေပြီး မိမိထံ အစီရင်ခံစေရမည်။

(၂) အဆိုပါ တရားသူကြီးသည် စုံစမ်းစစ်ဆေးမှုမပြုလုပ်မီ အာမခံသူနှင့် အာမခံသူအား တင်ပြသူတို့ကို သင့်လျော်သော အကြောင်းကြားစာ ပေးရမည့်အပြင် စုံစမ်းစစ်ဆေးရာ တွင်လည်း မိမိရှေ့မှောက်၌ တင်ပြလာသည့် သက်သေခံချက် အကျဉ်းချုပ်ကို ရေးမှတ် ရမည်။

(၃) အကယ်၍ တရားသူကြီးက ၎င်း၏ရှေ့မှောက်တွင် သို့မဟုတ် ပုဒ်မခွဲ (၁) အရ လွှဲအပ် ထားသည့် တရားသူကြီးတစ်ဦး၏ ရှေ့မှောက်တွင် တင်ပြလာသော သက်သေ ခံချက်နှင့် အဆိုပါ လွှဲအပ်ထားသည့် တရားသူကြီး၏ အစီရင်ခံစာ (ရှိခဲ့လျှင်) တို့ကို စဉ်းစားပြီး နောက် အာမခံသူမှာ ခံဝန်ကိစ္စများ အလို့ငှာ မသင့်လျော်သူဖြစ်ကြောင်း သဘော ရလျှင် အဆိုပါ အာမခံသူကို လက်ခံရန် ငြင်းပယ်ရန်သော်လည်းကောင်း၊ ပယ်ဖျက်ရန် သော် လည်းကောင်း အမှုအလျောက် အမိန့်ချမှတ်နိုင်သည်။ ထို့ပြင် ထိုသို့ဆောင်ရွက်ရသည့် အကြောင်းပြချက်များကို မှတ်တမ်းတင် ထားရမည်။

သို့ရာတွင် ယခင်လက်ခံထားသော အာမခံသူတစ်ဦးကို ပယ်ဖျက်သည့်အမိန့် မချမှတ်မီ တရားသူကြီးသည် သမ္မန်စာဖြစ်စေ၊ ဝရမ်းဖြစ်စေ သင့်သည် ထင်မြင်သည့် အတိုင်း ထုတ်ဆင့်ပြီး အာမခံသူက တာဝန်ယူထားရသူကို မိမိရှေ့မှောက်သို့ လာရောက် စေရမည် သို့မဟုတ် ခေါ်ဆောင်လာစေရမည်။