ပုဒ်မ ၃၅၅
ပုဒ်မ ၃၅၅
သမ္မန်မှုများနှင့် ပထမတန်းနှင့် ဒုတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးတို့က အချို့သော ပြစ်မှုများကို စစ်ဆေးစီရင်မှုများတွင် ရေးမှတ်ခြင်း

(၁) ရာဇဝတ်တရားသူကြီးတစ်ဦး စစ်ဆေးစီရင်သော သမ္မန်မှုများတွင် ထိုပြင် ပထမတန်း၊ သို့မဟုတ် ဒုတိယတန်း အာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးက စစ်ဆေး စီရင်သော ပုဒ်မ ၂၆ဝ ၏ ပုဒ်မခွဲ(၁) အပိုဒ်(ခ)မှ (၃)အထိ (ယင်းအပိုဒ်နှစ်ခုစလုံး အပါအဝင်) ဖော်ပြထားသောပြစ်မှုများကို စစ်ဆေးသောအမှုများ၌၊ ထို့ပြင် ပုဒ်မ ၅၁၄ အရ ဆောင်ရွက်သည့် မှုခင်းအားလုံးတွင် (စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲကာလအတွင်း မဟုတ်လျှင်) ရာဇဝတ်တရားသူကြီးသည် သက်သေစစ်မေးခြင်းပြုလုပ်စ၌ သက်သေတစ်ဦးစီ၏ သက်သေခံချက် အကျဉ်းချုပ်ကို ရေးမှတ်ရမည်။

(၂) အဆိုပါရေးမှတ်ချက်ကို ရာဇဝတ်တရားသူကြီး ကိုယ်တိုင်ဖြစ်စေ၊ ၎င်းက နှုတ်တိုက်ချပေး၍ဖြစ်စေ လူသိရှင်ကြား တရားခွင်တွင် တရားရုံးသုံးဘာသာစကားဖြင့် ရေးမှတ် ရမည်။ ထို့ပြင် ရာဇဝတ်တရားသူကြီးက လက်မှတ်ရေးထိုး၍ အမှုတွဲမှတ်တမ်း၏ အစိတ်အပိုင်း ဖြစ်စေရမည်။

(၃) x x x x x x x x