ပုုဒ်မ ၆၉
ပုုဒ်မ ၆၉
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

က) ကော်မရှင်သည် ရွေးကောက်ပွဲကန့်ကွက်လွှာများကို စစ်ဆေးရန် အောက်ပါရွေးကောက်ပွဲခုံ အဖွဲ့များကို ဖွဲ့စည်းနိုင်သည် -

(၁) ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦး ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့၊

(၂) ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဥပဒေကျွမ်းကျင်သော သင့်လျော်သည့် နိုင်ငံသားနှစ်ဦး ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့။

(ခ) ရွေးကောက်ပွဲခုံအဖွဲ့ဝင်များသည် မည်သည့်နိုင်ငံရေးပါတီဝင်မျှ မဖြစ်စေရ။

(ဂ) ကော်မရှင်အဖွဲ့ဝင် မဟုတ်သော ရွေးကောက်ပွဲခုံအဖွဲ့ဝင် များအတွက် ချီးမြှင့်ငွေကို ကော်မရှင်က သတ်မှတ်ပေးရမည်။

(ဃ) ရွေးကောက်ပွဲကန့်ကွက်လွှာနှင့် စပ်လျဉ်းသည့် အရေးယူဆောင်ရွက်ရန်ရှိသော ကိစ္စအားလုံးကို ရွေးကောက်ပွဲခုံအဖွဲ့များက စီမံဆောင်ရွက်ရမည်။

(င) မဲဆန္ဒနယ်တစ်နယ်တွင် ကျင်းပသော ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တစ်စောင်ထက်ပိုပြီး တင်သွင်းလျှင် ကော်မရှင်သည် ထိုကန့်ကွက်လွှာအားလုံးကို ယင်းမဲဆန္ဒနယ် အတွက်ဖွဲ့စည်းထားသော ရွေးကောက်ပွဲခုံအဖွဲ့တစ်ဖွဲ့တည်းသို့သာ လွှဲအပ်ရမည်။ ထိုခုံအဖွဲ့သည် ထိုကန့် ကွက်လွှာများကို ခွဲ၍ ဖြစ်စေ၊ ပေါင်း၍ ဖြစ်စေ မိမိတို့သဘောအတိုင်း စုံစမ်းစစ်ဆေးနိုင်သည်။

(စ) ခန့်ထားပြီးဖြစ်သော ရွေးကောက်ပွဲခုံအဖွဲ့ဝင်တစ်ဦးသည် ခုံအဖွဲ့ဝင်အဖြစ်ဖြင့် မဆောင်ရွက် နိုင်ခဲ့ သော် သို့မဟုတ် စုံစမ်းစစ်ဆေးနေခိုက်တွင် ဆက်လက်မဆောင်ရွက်နိုင်ခဲ့သော် ကော်မရှင်သည် အဖွဲ့ဝင် သစ်တစ်ဦးကို အစားထိုးခန့်ထားရမည်။ ပြန်လည်ဖွဲ့စည်းသော ထိုခုံအဖွဲ့သည် စုံစမ်းစစ်ဆေးဆဲ ဖြစ်သော ကန့်ကွက်လွှာကို အသစ်ပြန်လည်စစ်ဆေးလိုက စစ်ဆေးနိုင်သည်။