ပုဒ်မ ၆၄
ပုဒ်မ ၆၄
ငွေဒဏ်မဆောင်သည့်အတွက် ထောင်ဒဏ်ချမှတ်ခြင်း။

ထောင်ဒဏ်၊ ငွေဒဏ်နှစ်ရပ်လုံးချမှတ်ထိုက်သည့် ပြစ်မှုတိုင်းတွင် ပြစ်မှုကျူးလွန်သူအား ထောင်ဒဏ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငွေဒဏ်ချမှတ်ရာ၌လည်းကောင်း၊ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သက်သက်သော်လည်းကောင်း ချမှတ်ထိုက်သည့် ပြစ်မှုတိုင်းတွင် ပြစ်မှုကျူးလွန်သူအား ငွေဒဏ်သက်သက် ချမှတ်ရာ၌လည်းကောင်း၊ ငွေဒဏ်မဆောင်လျှင် ပြစ်ဒဏ် ချမှတ်ခြင်းခံရသူအား ပြစ်ဒဏ်ချမှတ်သည့်တရားရုံးက ထောင်ဒဏ်ချမှတ်ခွင့်ရှိစေရမည်။ ထို ထောင်ဒဏ်ကို ချမှတ်ပြီးဖြစ်သော အခြားထောင်ဒဏ်၌သော်လည်းကောင်း၊ ပြောင်းလဲပေးသည့် အခြား ထောင်ဒဏ်၌သော်လည်းကောင်း ထည့်ပေါင်းရမည်။


ကျင့်ထုံး