ပုဒ်မ ၁၅၀
ပုဒ်မ ၁၅၀
သင့်တော်သော အကြောင်းများမရှိဘဲ မေးခွန်းကိုမေးမြန်းလျှင် တရားရုံးက ကျင့်သုံးရမည့်ကျင့်ထုံးများ

အဆိုပါမေးခွန်းမျိုးကို သင့်တော်သော အကြောင်းများမရှိဘဲ ရှေ့နေတစ်ဦးက မေးမြန်းခဲ့သည်ဟု တရားရုံးကထင်မြင်ယူဆလျှင် တရားရုံးသည် အမှု၏အခြေအနေကိုတရားရုံးချုပ်သို့ဖြစ်စေ၊ အဆိုပါ ရှေ့နေ၏လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ကွပ်ကဲပိုင်ခွင့်ရှိသော အခြားအာဏာပိုင်သို့ဖြစ်စေ တိုင်ကြား နိုင်သည်။