(၁) စက်ရှင်တရားသူကြီးတစ်ဦးဦးသည် ၎င်း၏လက်အောက်ရှိ လက်ထောက် စက်ရှင်တရားသူကြီးတစ်ဦးဦးထံမှ အမှုတစ်စုံတစ်ရာကို ရုပ်သိမ်းနိုင်သည်၊ သို့မဟုတ် လွှဲအပ်ထား ပြီးဖြစ်သည့် အမှတစ်စုံတစ်ရာကိုလည်း ပြန်၍တောင်းခေါ်ယူနိုင်သည်။
ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီးက အမှုများကို ရုပ်သိမ်း၊ သို့မဟုတ် လွှဲအပ်နိုင်ခြင်း။
(၂) ခရိုင်ရာဇဝတ်တရားသူကြီးတစ်ဦးဦး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရား သူကြီးတစ်ဦးဦးသည် လက်အောက်ရာဇဝတ်တရားသူကြီးတစ်ဦးဦးထံမှ အမှုတစ်စုံတစ်ရာကို ရုပ်သိမ်းနိုင်သည်၊ သို့မဟုတ် လွှဲအပ်ထားပြီးသော အမှုတစ်စုံတစ်ရာကို ပြန်တောင်းခေါ်ယူ နိုင်သည်။ ထိုပြင် အဆိုပါအမှုကို ကိုယ်တိုင်စုံစမ်းစစ်ဆေးနိုင်သည်၊ သို့မဟုတ် စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် အခြားရာဇဝတ်တရားသူကြီးတစ်ဦးဦးထံ စုံစမ်းစစ်ဆေးရန်၊ သို့မဟုတ် စစ်ဆေးစီရင်ရန် လွှဲအပ်နိုင်သည်။
အမှုအမျိုးအစားများကို ရုပ်သိမ်းနိုင်ရန် အာဏာကို ခရိုင်ရာဇဝတ်တရားသူကြီးသို့ အပ်နှင်းခြင်း။
(၃) ခရိုင်ရာဇဝတ်တရားသူကြီးလက်အောက်ရှိ ရာဇဝတ်တရားသူကြီးတစ်ဦးဦးထံမှ သင့်လျော်သည် ထင်မြင်သည့် အမှုအမျိုးအစားများကိုဖြစ်စေ၊ အမှုအမျိုးအစားတစ်စုံ တစ်ရာကိုဖြစ်စေ ရုပ်သိမ်းနိုင်ရန် နိုင်ငံတော်သမ္မတက ၀ိုင်ရာဇဝတ်တရားသူကြီးအား အခွင့်အာဏာ အပ်နှင်းနိုင်သည်။
(၄) မည်သည့်ရာဇဝတ်တရားသူကြီးမဆို ၎င်းက လွှဲအပ်ထားသည့် အမှုကို ပုဒ်မ ၁၉၂၊ ပုဒ်မခွဲ(၂)အရ အခြားရာဇဝတ်တရားသူကြီးတစ်ဦးဦးထံမှ ပြန်၍တောင်းခေါ်ပြီး ကိုယ်တိုင် စုံစမ်းစစ်ဆေး၊ သို့မဟုတ် စစ်ဆေးစီရင်နိုင်သည်။
(၅) ဤပုဒ်မအရ အမိန့်တစ်စုံတစ်ရာချမှတ်သည့် ရာဇဝတ်တရားသူကြီးတစ်ဦးသည် ယင်းသို့ချမှတ်ခြင်းအတွက် ၎င်း၏အကြောင်းပြချက်များကို ရေးသားမှတ်တမ်း တင်ထားရမည်။