ပုဒ်မ ၂၀၄
ပုဒ်မ ၂၀၄
အမိန့်ဆင့်စာ ထုတ်ခြင်း။

(၁) ပြစ်မှုတစ်စုံတစ်ရာကို အရေးယူသည့် ရာဇဝတ်တရားသူကြီး တစ်ဦးသည် အမှုကို အရေးယူဆောင်ရွက်ရန် လုံလောက်သည့် အကြောင်းရှိသည်ဟု ထင်မြင်လျှင်၊ ထို့ပြင် အမှုမှာလည်း ဒုတိယဇယား စတုတ္ထစာတိုင်အရ ရှေးဦးစွာ သမ္မန်စာထုတ်သင့်ကြောင်း ပေါ်ပေါက်နေလျှင် စွပ်စွဲခံရသူကို ခေါ်ဆောင်လာစေရန်အတွက် သမ္မန်စာထုတ်ရမည်။ အကယ်၍ အမှုမှာ အဆိုပါဇယားအရ ဦးစွာပထမ ဝရမ်းစာထုတ်သင့်ကြောင်း ပေါ်ပေါက်နေလျှင်၊ ယင်း ရာဇဝတ်တရားသူကြီး၏ ရှေ့မှောက်သို့၊ သို့မဟုတ် (မိမိတွင် စီရင်ပိုင်ခွင့်အာဏာမရှိလျှင်) စီရင် ပိုင်ခွင့်အာဏာရှိသည့် အခြား ရာဇဝတ်တရားသူကြီး၏ရှေ့မှောက်သို့ စွပ်စွဲခံရသူကို ခေါ်ဆောင် လာစေရန်အတွက် ဝရမ်းစာထုတ်နိုင်သည်။ သို့မဟုတ် မိမိသင့်သည်ထင်မြင်လျှင် သတ်မှတ်သည့် အချိန်တွင် စွပ်စွဲခံရသူလာရောက်စေရန် သမ္မန်စာထုတ်နိုင်သည်။

(၂) ဤပုဒ်မပါ မည်သည့်အချက်အရမျှ ပုဒ်မ ၉ဝ ၏ ပြဋ္ဌာန်းချက်များကို ပြုပြင်သည်ဟု မမှတ်ယူစေရ။

(၃) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အမိန့်ဆင့်စာ၊ ဝရမ်းစာ၊ စရိတ်ဖြစ်စေ၊ အခြားစရိတ်ဖြစ်စေ ပေးဆောင်ရန်ရှိသည့်အခါ ထိုစရိတ်ငွေများမပေးဆောင်မိ မည်သည့်အမိန့် စာ၊ သမ္မန်စာ၊ ဂရမ်းစာမျှ မထုတ်ဆင့်ရ၊ အကယ်၍ သင့်လျော်သည့် အချိန်အတွင်း အဆိုပါ စရိတ်များကို မပေးဆောင်လျှင် ရာဇဝတ်တရားသူကြီး သည် တိုင်တန်းချက်ကို ပလပ်နိုင်သည်။