ဒီကရီသည် အစိုးရသို့ အခွန်ထမ်းဆောင်ရသော မခွဲဝေရသေးသည့် ပစ္စည်းကို ခွဲဝေရန်အတွက် ဖြစ်လျှင် သို့မဟုတ် ယင်းပစ္စည်းမှ ဝေစုကို သီးခြားလက်ဝယ် ရရှိစေရန်အတွက် ဖြစ်လျှင် ပစ္စည်းခွဲဝေသည့် ကိစ္စ သို့မဟုတ် ဝေစုသီးခြား လက်ဝယ်ရရှိစေသည့် ကိစ္စကို သက်ဆိုင်ရာ ကော်လိတ္တော်အရာရှိ (Collector) က ဖြစ်စေ၊ ဤကိစ္စအလို့ငှာ ၎င်းကိုယ်စား ဆောင်ရွက်ရန် လွှဲအပ်ခံရသော ၎င်း၏ လက်အောက်ခံ ပြန်တမ်းဝင်အရာရှိ (gazetted subordinate of the Collector) တစ်ဦးဦးက ဖြစ်စေ၊ ပစ္စည်းခွဲဝေခြင်း သို့မဟုတ် ဝေစုသီးခြား လက်ဝယ်ရရှိစေခြင်းနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ (ရှိလျှင်) နှင့်အညီ ဆောင်ရွက်ရမည်။