ပုုဒ်မ ၆၅
ပုုဒ်မ ၆၅
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ

(က) ဤအခန်းပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့် ရှိသောပြစ်မှုများ အဖြစ်သတ်မှတ်သည်။

(ခ) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦး ဦးကဖြစ်စေ၊ မဲဆန္ဒနယ်အတွက် တာဝန်ယူဆောင်ရွက်ရသော ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့တစ်ခု ခုတွင်ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ရွေးကောက်ပွဲ မကျင်းပမီ သော်လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပနေစဉ်သော်လည်းကောင်း၊ ရွေးကောက်ပွဲ ကျင်းပ သောနေ့မှ ၁၅ ရက်အတွင်းသော်လည်းကောင်း ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားနိုင်သည်။

(ဂ) ပုဒ်မခွဲ(ခ)တွင် မည်သို့ပင်ပါရှိစေကာမူ ပုဒ်မ ၅၃ အရ ကော်မရှင်ကလည်းကောင်း၊ ကော်မရှင်၏ တာဝန်ပေးချက်အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကလည်းကောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်စပ်လျဉ်း၍ ဤအခန်းပါပြဋ္ဌာန်းချက်များအတိုင်း အရေးယူဆောင်ရွက် နိုင်သည်။